Skip to main content

နိုင်ငံတော်မှ ဝယ်ယူစုဆောင်းထားသော အရေးပေါ်ရိက္ခာဆန်များကို ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အရေးပေါ်ရိက္ခာများ ဝယ်ယူရေးကြီးကြပ်မှုကော်မတီ အစည်းအဝေး ကျင်းပ

နိုင်ငံတော်မှ ဝယ်ယူစုဆောင်းထားသော အရေးပေါ်ရိက္ခာဆန်များကို ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အရေးပေါ်ရိက္ခာများ ဝယ်ယူရေးကြီးကြပ်မှုကော်မတီ အစည်းအဝေး ကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။

ပြည်ပနိုင်ငံများရောက် မြန်မာနိုင်ငံသားများနှင့် မြန်မာသင်္ဘောသား များအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့ နေရ သည့် မြန်မာနိုင်ငံသား (၁၅၂) ဦးအား မြန်မာသံရုံး၊ စင်ကာပူမြို့မှ စီစဉ်သည့် မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ၁၇ ၃၀ နာရီ အချိန်တွင် လည်းကောင်း၊ ကိုရီးယား သမ္မတနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၁၃၁) ဦးအား မြန်မာသံရုံး၊ ဆိုးလ်မြို့နှင့် မြန်မာ ပင်လယ်ရေကြောင်း အလုပ်သမားများအဖွဲ့ချုပ်တို့မှ ပူးပေါင်း စီစဉ်သည့် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) စင်းလုံးငှား ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ ၂၀ ၀၀ နာရီ အချိန်တွင် လည်းကောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ အသီးသီး ပြန်လည် ရောက်ရှိခဲ့ကြပါသည်။

မြန်မာနိုင်ငံနှင့် ဖင်လန်နိုင်ငံတို့ ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်

မြန်မာနိုင်ငံနှင့် ဖင်လန်နိုင်ငံတို့သည် ၂၀၂၁ မှ ၂၀၂၄ ခုနှစ်အထိ ဆက်လက် ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ်သစ်ကို ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဖင်လန် သံအမတ်ကြီး Ms. Riikka Laatu က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းနှင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာကော်မတီ (တတိယအကြိမ်) အစည်းအဝေးကျင်းပ

အမျိုးသားအဆင့် ပဋိဇီဝဆေး ယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာ ကော်မတီ (တတိယ အကြိမ်) အစည်းအဝေးကို ယနေ့နံနက်ပိုင်း တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်းချုပ်မှ အလှူငွေ ပေးအပ်လှူဒါန်း

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အတွက် မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများ အသင်းချုပ်မှ အလှူငွေ ပေးအပ်လှူဒါန်းသည့် အခမ်း အနားကို ယနေ့မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်၍ ကျေးဇူးတင်စကား ပြောကြားသည်။

(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေးနှင့် SEAGF Council Meeting ညှိနှိုင်းအစည်းအဝေးကျင်းပ

ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၁)ကြိမ် မြောက်အရှေ့တောင်အာရှ အားကစား ပြုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် (SEAGF Council Meeting) အရှေ့တောင်အာရှ အားကစား အဖွဲ့ချုပ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

(၃၁) ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပ

“(၃၁)ကြိမ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်း အမှတ် (ကမ္ဘာ့ကလေးများနေ့) အခမ်းအနား” ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်မြန်မာနိုင်ငံဆိုင်ရာ UNODC Country Manager, Mr. Benedikt Hofmann အား လက်ခံတွေ့ဆုံ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံ ဆိုင်ရာ UNODC ၏ Country Manager အဖြစ် ခန့်အပ်ခြင်းခံရသည့် Mr. Benedikt Hofmann အား ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဗဟန်းမြို့နယ်၊ တာမွေမြို့နယ်နှင့် တာချီလိတ်မြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ယမန် နေ့ နံနက် ၁၀ နာရီခွဲတွင်ဗဟန်းမြို့နယ် ဆရာစံ မြောက်အရှေ့ရပ်ကွက် မဟာဘောဂလမ်း အမှတ် (၂၃) (၅)လွှာနေ အောင်နိုင်ဝင်း၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၆၅၉၀ သိမ်းဆည်းရမိခဲ့ ကြောင်း
Subscribe to နေပြည်တော်