နိုင်ငံတော်အစိုးရသည် သက်ကြီးရွယ်အိုများ၏ ကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးတိုး တက် စေရန်၊ သက်ကြီးရွယ်အိုများ၏ ဝင်ငွေလုံခြုံမှုကို မြှင့်တင်ရန်နှင့် ၎င်းတို့မိသားစုများ၏ ထိခိုက် လွယ်မှုကိုလျှော့ချရန်ရည်ရွယ်၍ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ အား လူမှုရေး ပင်စင်ထောက်ပံ့ခြင်းအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါ သည်။
ငွေကြေးထောက်ပံ့ကြေးအစီအစဉ်တွင် အကျုံးဝင်သည့် သက်ကြီးရွယ်အိုများအား တစ်ဦး တစ်လလျှင် ကျပ်(၁၀,၀၀၀/-)နှုန်းဖြင့် (၃)လလျှင်တစ်ကြိမ် ကျပ်(၃၀,၀၀၀/-) ထောက် ပံ့ပေးခြင်း ဖြစ်ပါသည်။ အကျုံးဝင်သည့် သက်ကြီးရွယ်အိုများအနေဖြင့် မိမိတို့နေထိုင် သည့် နီးစပ်ရာ မြို့နယ်/ ရပ်ကွက်/ ကျေးရွာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်/ မြို့နယ် လူမှုဝန်ထမ်းရုံးများသို့ အသက်အတွက် အထောက်အထားများ ဖြစ်သည့် မှတ်ပုံတင်/ နိုင်ငံသား စိစစ်ရေးကတ်ပြား (သို့မဟုတ်) အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ ၆၆/၆)ဖြင့် စာရင်းသွင်း လျှောက်ထားရမည်။
အထက်ပါ အသက်အထောက်အထား သက်သေခံ(၂)မျိုးလုံးမရှိပါက ဖြေလျှော့ခြင်း အဆင့်(၄) ဆင့်ပါ ထောက်ခံစာပုံစံဖြင့် စာရင်းပေးသွင်း လျှောက်ထားနိုင်ကြောင်း အသိပေး နှိုးဆော် အပ်ပါသည်။
အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်ထောက်ပံ့ ခြင်းအစီ အစဉ်နှင့် ပတ်သက်၍ သတင်းအချက် အလက်များ ရယူခြင်း၊ အကြုံပြုခြင်းနှင့် တိုင် ကြားခြင်းများ ဆောင်ရွက်လိုပါက လူမှုဝန်ထမ်းဦးစီးဌာန ဖုန်းနံပါတ် ၀၆၇-၃၄၀၄၅၈၃ ၊ ၀၆၇-၃၄၀၄၀၇၇ ၊ ၀၆၇-၃၄၀၄၂၂၂ ၊ ၀၆၇-၃၄၀၄၉၉၉ များသို့ ဆက်သွယ်အကြောင်းကြား နိုင်ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန