အမြို့မြို့အနယ်နယ်သတင်းများ

Feb 12,2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် အားကစားပြိုင်ပွဲများအနက် အလွတ်တန်းဖိတ်ခေါ် စစ်တုရင်ပြိုင်ပွဲအား ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ စတင်ကျင်းပပြုလုပ်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
Feb 12,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ရာ ဘုရားကြီးတွင် ယခုနှစ်ဘုရားပွဲတော်ကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း မန်းရွှေစက်တော်ရာဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
Feb 12,2026
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲနှင့် ကာယ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့၊ နံနက်ပိုင်းက  အ.ထ.က(ထန်းတပင်) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
Feb 12,2026
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက် (၂) ၌ ယမန်နေ့ နံနက် ၁၀ နာရီက နိုင်ငံတော်မှ ပေးအပ်သည့် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်အဆောက်အဦးများအတွက် (၁၈) ရပ်ကွက်အတွင်းရှိ ကျန်ရှိနေသေးသော ပြည်သူများအား လှူဒါန်းငွေနှင့် ပစ္စည်းများ ပေးအပ်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ မဟာမြိုင်ရပ်ကွက် (၂) အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်ခဲ့သည်။
Feb 12,2026
(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်၊ အမှတ်(၁)ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါလမ်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ် ကျော်စွာဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတပ်နယ်မှတပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်နေပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Feb 12,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။
Feb 12,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင် ပြည်သူ့‌ဆေးရုံ၌ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၉ နာရီက ကလောခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များက ပြည်သူ့ဆေးရုံအတွက် စုပေါင်း၍ သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။