Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိုင်းကိုင်မြို့နယ်၌ (၇၉) နှစ်မြောက်၊ ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲများကျင်းပ
Feb 12,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် (၇၉) နှစ်မြောက်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားကို ယနေ့မနက် ၅ နာရီခွဲ အချိန်က မိုင်းကိုင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးကွင်းပြင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ရွှေမြို့နယ်အတွင်း စီမံကိန်းသီးနှံ နွေစပါး ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး အသိပညာပေးဆွေးနွေး
Feb 12,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ သလဲဦးကျေးရွာအုပ်စု သလဲဦးကျေးရွာ ရောင်နီဦးစိုးက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းနှင့် လွယ်မောကျေးရွာ ရွှေမင်းသားလယ်ယာနှင့်အထွေထွေသမဝါယမအသင်းတို့မှ အသင်းသားတောင်သူများ၏ အသင်းသားပိုင်လယ်မြေများတွင် စီမံကိန်းသီးနှံ နွေစပါးစိုက်ပျိုးခြင်းပက်သက်၍ အသိပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါသမဝါယမအသင်းဥက္ကဋ္ဌများ၏ နေအိမ်အသီးသီး၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရမည်းသင်းမြို့နယ် မြို့မဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့် သရုပ်ပြပွဲကျင်းပ
Feb 12,2026
ရမည်းသင်းမြို့နယ်၌ ခရိုင်/ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ ဦးဆောင်၍မြို့မဈေးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်၊ ညနေ ၃ နာရီခွဲက မြို့မဈေးအတွင်း ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့ မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိ့နှိုင်းအစည်းအဝေး ကျင်းပ
Feb 12,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့တွင် ကိန်းဝပ်စံပယ်တော်မူသော မာရ်အောင်မြင်ပြည်တော်ပြန်မြတ်စွာဘုရားကြီးသည် သက်တော်ထင်ရှားမြတ်စွာဘုရားကိုယ်တိုင် ရင်ငွေ့တော်ပေးအပ်ခဲ့သည့် သမိုင်းဝင်တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သည်နှင့်အညီ ဘုရားကြီး၏ တပေါင်းလဗုဒ္ဓပူဇနိယပွဲတော်အား(၂၄-၂- ၂၀၂၆) မှ (၃-၃-၂၀၂၆)ရက်နေ့အထိ (၈)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိ့နှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် မဟာအတုလဝေယံပြည်တော်ပြန် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းမြို့၌ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Feb 12,2026
စစ်ကိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လူမှုဝန်ထမ်းမူကြိုကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တမူးမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ပြုလုပ်
Feb 12,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နေ့လယ် ၁ နာရီက (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ
Feb 12,2026
၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး မီနီမာရသွန် အပြေးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၄)၊ သီရိကွင်း၌ ကျင်းပရာ အမျိုးသား ၂၀၀ ဦး၊ အမျိုးသမီး ၁၂၇ ဦး စုစုပေါင်း အမျိုးသား/ အမျိုးသမီး ၃၂၇ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မက်မန်းမြို့တွင် ကာကွယ်ဆေးထိုး/နှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပ…
Feb 12,2026
ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်း ကာကွယ်ဆေးထိုး/နှံတိုက်ကျွေးခြင်းလုပ်ငန်း ပိုမိုအဆင်ပြေချောမွေ့စွာအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
91
Page
92
Page
93
Page
94
Current page
95
Page
96
Page
97
Page
98
Page
99
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department