မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက်(၂) ၌ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်အဆောက်အဦများအတွက် ကျန်ရှိ‌နေသေးသောပြည်သူများအား လှူဒါန်ငွေနှင့် ပစ္စည်းများ ဆက်လက်ပေးအပ်

မဟာအောင်မြေ ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက် (၂) ၌ ယမန်နေ့ နံနက် ၁၀ နာရီက နိုင်ငံတော်မှ ပေးအပ်သည့် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်အဆောက်အဦးများအတွက် (၁၈) ရပ်ကွက်အတွင်းရှိ ကျန်ရှိနေသေးသော ပြည်သူများအား လှူဒါန်းငွေနှင့် ပစ္စည်းများ ပေးအပ်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ မဟာမြိုင်ရပ်ကွက် (၂) အုပ်ချုပ်ရေးမှူးရုံး၌ ပေးအပ်ခဲ့သည်။

အဆိုပါပေးအပ်ရာတွင် မဟာအောင်မြေမြို့နယ် (၁၈)ရပ်ကွက်အတွင်းရှိ မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော တစ်စိတ်တစ်ပိုင်းနှင့် လုံးဝပျက်စီး တစ်ထပ်တိုက်၊ နှစ်ထပ်တိုက်၊ သုံးထပ်တိုက်နေအိမ်များအတွက် သွပ်၊ ဘိလပ်မြေ၊ သံချောင်းနှင့် ငွေသားချက်လက်မှတ်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက မိသားစုဝင် ပြည်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း