အမြို့မြို့အနယ်နယ်သတင်းများ

Feb 12,2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
Feb 12,2026
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက် ၅ နာရီ၃၀မိနစ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်းကျင်းပခဲ့သည်။ အခမ်းအနားတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံကို မချမ်းဘောမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အလံစောင့်တပ်ဖွဲ့မှလွှင့်တင်ကာ တက်ရောက်လာကြသော မြို့နယ်အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမြို့နယ်ဌာနဆိုင်ရာများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ရဲဘော်အပေါင်းအား အလေးပြုကြသည်။
Feb 12,2026
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
Feb 12,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အထက်ပိုင်းရပ်ကွက်ရှိ လွတ်လပ်ရေး ပန်းခြံတွင် ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံတင် အခမ်းအနားကို ယနေ့နံနက် (၅) နာရီ (၃၀)မိနစ်အတွင် ကျင်းပသည်။
Feb 12,2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ယနေ့တွင် ကျရောက်သည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ယနေ့နံနံက်ပိုင်း ၅ နာရီ ၃၀ မိနစ်တွင် ပုန်းခုန်းကောင်းရပ်ကွက်ရှိ  ကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်သည်။
Feb 12,2026
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင်  သဲကုန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ စစ်ရေးပြကွင်းတွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်၊ နံနက် ၅ နာရီ ၃၀ မိနစ်အချိန်က (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး နံနက် ၇ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာဖတ်ကြားပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
Feb 12,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ယနေ့နံနက်(၅)နာရီ မိနစ်(၃၀)က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
Feb 12,2026
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနတွင် အသက်(၇၀)နှင့် အထက် ဘိုးဘွားများအား ကျန်းမာရေး အခမဲ့စောင့် ရှောက်ခြင်းကို ယနေ့နံနက် (၀၈:၀၀) နာရီက စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။