အမြို့မြို့အနယ်နယ်သတင်းများ

Feb 12,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Feb 12,2026
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သောကြောင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စျေးဝန်ထမ်းများ၊ စျေးသူ၊ ဈေးသားများ မီးငြိမ်းသတ်နည်းစနစ်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်ရန် မီးဘေးကြိုတင်ကာကွယ်ရေးလက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဖေဖော်ဝါရီ ၉ ရက် နံနက်(၁၀)နာရီအချိန်က မြို့မစျေးကြီး၌ ပြုလုပ်ခဲ့သည်။
Feb 11,2026
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး (၂)ရုံးရှိ အစည်းအဝေးခန်းမတွင် ခရိုင်မီးသတ်ဦးစီးမှူးဦးကျော်ဆန်းနှင့် တပ်ဖွဲ့ဝင်များက အဆိုပါရုံးရှိ ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မိမိတို့၏ ဖုန်းများတွင် 191 Report Application Account ထည့်သွင်း အသုံးပြုရန်ဟောပြောခြင်း၊ မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်မှု သရုပ်ပြသခြင်းနှင့် ဝန်ထမ်းလိုင်းခန်းရှိမိသားစုဝင်များမှမီးသတ်ဆေးဘူးဖြင့်မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်းတို့ကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 11,2026
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့ လမ်းပြကြယ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယနေ့မွန်းလွဲ ၁ နာရီက ၂၀၂၆ ခုနှစ်တွင်ကျရောက်မည့် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပသည်။
Feb 11,2026
‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊မဟာမြိုင်ရပ်ကွက်(၂)၌ ယနေ့ နံနက် ၁၀ နာရီက နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် မန္တလေးငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သော နေအိမ်အဆောက်အဦးများအတွက်(၁၈)ရပ်ကွက်အတွင်းရှိ ကျန်ရှိနေသေးသော ပြည်သူများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှကြီးမှူး၍ မဟာမြိုင်ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်သည်။
Feb 11,2026
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်တွင် ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍  (၇၉)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် လူသစ်တန်း(အမျိုးသား/အမျိုးသမီး)စစ်တုရင်ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၉ ရက်မှ ၁၁ ရက်အထိ ကျင်းပသည်။
Feb 11,2026
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်၊ အမှတ်(၁)ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်း၌ ကျင်းပသည်။
Feb 11,2026
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့၌ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအား ကျောက်ဆည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှပေးအပ်သော ထောက်ပံ့ငွေနှင့် အိမ်ဆောက်ပစ္စည်းများပေးအပ်ခြင်းကို မြို့နယ်အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက ဆောင်ရွက်သည်။