ပဲခူး ဖေဖော်ဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။
အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင် အမျိုးသားဖူဆယ်ပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး လွန်ဆွဲပြိုင်ပွဲ၊ U-18 စစ်တုရင်းပြိုင်ပွဲ၊ အလွတ်တန်းစစ်တုရင်းပြိုင်ပွဲနှင့် ဘတ်စကက်ဘောပြိုင်ပွဲများ ပါဝင်ကြသည်။
အမျိုးသားဖူဆယ်ပြိုင်ပွဲတွင် အသင်း(၁၂)သင်းပါဝင်ပြီး အုပ်စု(၄)အုပ်စုခွဲ၍ ဖေဖော်ဝါရီလ (၉) ရက်နေ့မှ (၁၂) ရက်နေ့အထိ ဟင်္သာကုန်းဖူဆယ်အားကစားကွင်း၌လည်းကောင်း၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင်လည်း အသင်း(၁၂)သင်းပါဝင်ကာ အုပ်စု(၄)အုပ်စုခွဲ၍ ဖေဖော်ဝါရီလ(၁၀) ရက်နေ့မှ(၁၂)ရက်နေ့အထိ တိုင်းဒေသကြီးအားကစားခန်းမ၌လည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး လွန်ဆွဲပြိုင်ပွဲတွင် အမျိုးသားအသင်း(၈)သင်း၊ အမျိုးသမီးအသင်း(၈)သင်း ပါဝင်ကာ အုပ်စု(၄)အုပ်စုခွဲ၍ ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှ (၁၂) ရက်နေ့အထိ ဟံသာဝတီ ယူနိုက်တက်ဘောလုံးကွင်း၌လည်းကောင်း၊ ဘတ်စကက်ဘော ပြိုင်ပွဲတွင် အသင်း(၈)သင်းပါဝင်ကာ ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှ (၁၁)ရက်နေ့အထိ တိုင်းဒေသကြီးအားကစားခန်းမ၌လည်းကောင်း၊ U-18 စစ်တုရင်ပြိုင်ပွဲနှင့် အလွတ်တန်း စစ်တုရင်ပြိုင်ပွဲတို့ကို ဖေဖော်ဝါရီလ(၁၀)ရက်နေ့မှ (၁၁)ရက်နေ့အထိ တိုင်းဒေသကြီးလူငယ်စင်တာခန်းမ၌လည်းကောင်း ကျင်းပပြုလုပ်လျက်ရှိကြောင်း သတင်းရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)