ရမည်းသင်း ဖေဖော်ဝါရီလ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်တွင် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လူသစ်တန်း (အမျိုးသား/ အမျိုးသမီး) စစ်တုရင်ပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၉ ရက် မှ ၁၁ ရက်နေ့အထိ ကျင်းပခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ကျောင်းသား/ ကျောင်းသူ (၂၀) ဦးတို့ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ယနေ့ညနေ ၃ နာရီတွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ ခရိုင်အား/ကာဦးစီးမှူး ဒေါ်ထက်ထက်ဝင့်၊ ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးနှင့် တာဝန်ရှိသူများက ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။
ခရိုင် ပြန်/ဆက်