အမြို့မြို့အနယ်နယ်သတင်းများ

Feb 14,2026
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်း တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လမ်းတံတား တည်ဆောက်ခြင်းလုပ်ငန်းများအား ဖေဖော်ဝါရီလ (၁၃) ရက်နေ့၊ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Feb 14,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ရွှေသောင်ယံကမ်းခြေ လှုပ်ရှားစစ်ဗျူဟာမှူးဖလား ပိတ်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေ ( ၅ )နာရီအချိန်က ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာ ဘောလုံးအားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
Feb 14,2026
စစ်ကိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် သတ္တုတွင်းဦးစီးဌာန(ဆားလုပ်ငန်းဌာနခွဲ) စစ်ကိုင်းတိုင်းဒေသကြီးရုံးမှ တာဝန်ရှိသူများပူးပေါင်း၍ ယနေ့နံနက်ပိုင်း စစ်ကိုင်းမြို့၊ မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်များ၌ ဈေးကွက်အတွင်းရောင်းချနေသော စားေသာက်ကုန်ပစ္စည်းများ အရည်သွေးပြည့်မီခြင်းရှိ/မရှိ ကွင်းဆင်းလိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
Feb 14,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် (၇၉) နှစ် မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖိတ်ခေါ် MLBB (Mobile Legends Bang Bang) ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Feb 14,2026
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်းတွင် ယနေ့နံနက် (၈) အချိန်၌ မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၏ ၂၀၂၅-၂၀၂၆ပညာသင်နှစ် မူလတန်းပြီးမြောက်ခြင်း လက်မှတ်ပေးအပ်သည့်အခမ်းအနားကိုကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အဖွဲ့ဝင် ၂ ဦးစိန်သောင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ ခရိုင်ပညာရေးမှူး ဦးစောဝါးလယ်ထူး၊ ​မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပညာရွှေဖူးကိုယ်ပိုင်အလယ်တန်းကျောင်း founder ဦးသန်းရွှေနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြသည်။
Feb 14,2026
မူကြိုအရွယ်ကလေးများ မျိုးချစ်စိတ်ဓာတ် ထက်သန်စေရန်၊ ဗဟုသုတကြွယ်ဝစေရန်၊ ဘက်စုံဖွံ့ဖြိုးမှုရရှိစေရန်နှင့် မြန်မာနိုင်ငံကလေးများနေ့အကြောင်းသိရှိစေရန် ရည်ရွယ်ချက်များဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ဦးဆောင်၍ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်လှုပ်ရှားမှုများကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မူလတန်းကြိုကျောင်းများတွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဆောင်ရွက်ခဲ့သည်။
Feb 14,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုတင်(၅၀) ဆေးရုံဟောင်းတွင် ယနေ့နံနက် (၉) နာရီက အသက်(၂)နှစ်မှ (၁၅)နှစ်အတွင်း ကလေးများအား အသည်းရောင် အသားဝါအေပိုး ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခဲ့သည်။