အမြို့မြို့အနယ်နယ်သတင်းများ

Feb 13,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ယမန်နေ့နံနက် ၅ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အလံတိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 13,2026
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊ရွှေကူမြို့၊ မြို့တော်ခန်းမရှေ့ရှိ အလံတိုင်၌ ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၅ နာရီ ၃၀ မိနစ် အချိန်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကိုကျင်းပရာ ရွှေကူမြို့နယ်ရဲတပ်ဖွဲ့က နိုင်ငံတော်အလံကို လွှင့်တင်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ယာယီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။
Feb 13,2026
ဇေယျာသီရိမြို့နယ်၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့သည်။
Feb 13,2026
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ရေကူး၊ စက်ဘီးစီးနှင့် တောင်တက်သုံးမျိုးစုံအားကစားပြိုင်ပွဲနှင့် ရိုးရာခြင်းလုံး အမှတ်ခတ်ပြိုင်ပွဲတို့ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်က သထုံမြို့၊ မြသပိတ်တောင်ခြေ၊ နှီးဘုရားကြီးအနီး၌ ကျင်းပပြုလုပ်သည်။
Feb 13,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက် ၅ နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အလံတိုင်ကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 13,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်းနှင့် ထူးချွန်ဆုရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်  ၇ နာရီက မကာဟိုခမ်းရပ်ကွက်၊ အောင်မြတ်ခန်းမတွင် ကျင်းပသည်။
Feb 13,2026
ချင်းပြည်နယ်၊ တီးတိန်မြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စု နေ့အခမ်းအနားကို ယ‌မန်နေ့နံနက် ၆ နာရီခွဲကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတန်းစီကွင်းတွင်ကျင်းပပြုလုပ်သည်။
Feb 13,2026
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီအချိန်က မြို့မရပ်ကွက် လွတ်လပ်ရေးပန်းခြံတွင် ကျင်းပခဲ့ကြောင်း သိရသည်။