အမြို့မြို့အနယ်နယ်သတင်းများ

Feb 14,2026
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ (၇၉)နှစ်မြောက် ပြည်ထောင် စုနေ့ အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းတွင် သက်ကြီးဘိုးဘွားများအား အလှူဒါနပြုခြင်းနှင့် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။
Feb 14,2026
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၈ နာရီအချိန် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုပေးပွဲ အခမ်းအနားအား  ပဲခူးရပ်ကွက် ဘော်လီဘောအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 14,2026
(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ (၂၂) ကြိမ်မြောက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ ဆင်ဖြူကန်ကွင်းတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးနှင့် ဇနီး၊  တိုင်းတရားသူကြီးချုပ် ဒေါ်လှမြင့်၊ မြို့တော်ဝန်စည်ပင်သာယာရေးရာဝန်ကြီး ဦးကျော်ဆန်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဇနီးတို့သည် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် မြို့တော်ဝန်ဖလား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြပွဲပပြိုင်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ကြိုဆိုဂုဏ်ပြုကြသော ကျောင်းသား၊ ကျောင်းသူ ဌာနဆိုင်ရာများအား ရင်းရင်းနှီးနှီး လိုက်လံနူတ်ဆက်၍ ပြပွဲပြိုင်ပွဲများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
Feb 14,2026
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အစီအမံတစ်ရပ်အနေဖြင့် ဂန့်ဂေါခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းထက်အောင်ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် ဂန့်ဂေါမြို့အတွင်းရှိ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးများသို့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းက မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Feb 14,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဘော်လီဘောပြိုင်ပွဲနှင့် အသက်(၁၂) နှစ်အောက် လူငယ်ဖူဆယ်ပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီက ကမာကသွယ်ရပ်ကွက်၊ ဗိုလ်တေဇအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။