ဒဂုံမြောက် ဖေဖော်ဝါရီ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမျိုးသား(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ အသင်း(၆)သင်းမှ ယှဉ်ပြိုင်ကစားကြရာကို ဗိုလ်လုပွဲတွင် မြို့နယ်အားစားနှင့်ကာယပညာဦးစီးဌာနအသင်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြို့နယ်အားစားနှင့်ကာယပညာဦးစီးဌာနအသင်းမှ အနိုင်ရရှိကာ ပထမဆုကို ဆွတ်ခူးရရှိခဲ့သည်။ ဆက်လက်၍ ဆုရရှိသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ အမျိုးသား (အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လု ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပိုက်ကျော်ခြင်းဝါသနာရှင်များ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲဝင်အသင်း (၆) သင်းမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ရီ