နေပြည်တော် ဖေဖော်ဝါရီ ၁၄
မူကြိုအရွယ်ကလေးများ မျိုးချစ်စိတ်ဓာတ် ထက်သန်စေရန်၊ ဗဟုသုတကြွယ်ဝစေရန်၊ ဘက်စုံဖွံ့ဖြိုးမှုရရှိစေရန်နှင့် မြန်မာနိုင်ငံကလေးများနေ့အကြောင်းသိရှိစေရန် ရည်ရွယ်ချက်များဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ဦးဆောင်၍ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်လှုပ်ရှားမှုများကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မူလတန်းကြိုကျောင်းများတွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုဗ္ဗသီရိမြို့နယ်ရှိ သီရိရတနာ မူလတန်းကြိုကျောင်း၊ ဇမ္ဗူသီရိမြို့နယ်ရှိ ရင်သွေးရတနာမူလတန်းကြိုကျောင်း၊ တော်ဝင်ရတနာမူလတန်းကြိုကျောင်း၊ နန်းထိုက်ရတနာမူလတန်းကြိုကျောင်းနှင့် အမျိုးသားလွှတ်တော် မူလတန်းကြိုကျောင်း၊ ဥတ္တရသီရိမြို့နယ်ရှိ ဥတ္တရသီရိမူလတန်းကြိုကျောင်း၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဒက္ခိဏသီရိမူလတန်းကြိုကျောင်းနှင့် ပျဉ်းမနားမြို့နယ်ရှိ ပျဉ်းမနား မူလတန်းကြိုကျောင်းရှိ ကလေးငယ်များအား မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ်လုပ်ရှားမှုအဖြစ် မြန်မာနိုင်ငံကလေးများနေ့ သီချင်းသီဆိုခြင်း၊ ပျော်ပွဲရွှင်ပွဲများ ဆောင်ရွက်ခြင်း၊ ကလေးငယ်များအား အဟာရဖြည့်စွက်စာ ကျွေးမွေးခြင်းနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)