လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MLBB (Mobile Legends Bang Bang) ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ဗဟန်း ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် (၇၉) နှစ် မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် ဖိတ်ခေါ် MLBB (Mobile Legends Bang Bang) ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့ကြောင်း သိရသည်

အဆိုပါဖိတ်ပြိုင်ပွဲကို ဗဟန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ကြီးမှူး၍ ဗဟန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျင်းပပေးပြီး ပြိုင်ပွဲတွင် အဖွဲ့ပေါင်း (၈၀) က MLBB (Mobile Legends Bang Bang) ပြိုင်ပွဲကို ယခုလ ၈ရက်နေ့မှစ၍ Online မှ စတင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ယနေ့တွင် MLBB (Mobile Legends Bang Bang) ပြိုင်ပွဲတွင် နောက်ဆုံးကျန်ရှိသော အသင်း ၄ သင်းမှ Offline  လူချင်း ထိတွေ့ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထရရှိသည့်အသင်းများကို ဗဟန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံဝင်းနှင့် တာဝန်ရှိသူများမှလည်ဆွဲဆုတံဆိပ်နှင့် ငွေသားများ ချီးမြှင့်ပေးခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်ပြန်ဆက်