စစ်ကိုင်းမြို့ မြို့မဈေးကြီးအတွင်း စားသောက်ကုန်များ အရည်အသွေးပြည့်မီခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်း ဖေဖော်ဝါရီလ ၁၃

စစ်ကိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် သတ္တုတွင်းဦးစီးဌာန(ဆားလုပ်ငန်းဌာနခွဲ) စစ်ကိုင်းတိုင်းဒေသကြီးရုံးမှ တာဝန်ရှိသူများပူးပေါင်း၍ ယနေ့နံနက်ပိုင်း စစ်ကိုင်းမြို့၊ မြို့မဈေးကြီးအတွင်းရှိ ဈေးဆိုင်များ၌ ဈေးကွက်အတွင်းရောင်းချနေသော စားေသာက်ကုန်ပစ္စည်းများ အရည်သွေးပြည့်မီခြင်းရှိ/မရှိ ကွင်းဆင်းလိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူနှင့် သတ္တုတွင်းဦးစီးဌာန(ဆားလုပ်ငန်းဌာနခွဲ)မှ ဒု-တိုင်းဦးစီးမှူး ဦးထိန်လင်းနှင့်ဝန်ထမ်းများက စျေးဆိုင်များရှိ ဆားများတွင် အိုင်အိုဒင်းပါဝင်မှုပြည့်မီခြင်းရှိ/မရှိနှင့် ကုန်ညွှန်းအမှတ်သားများပါရှိမှု ရှိ/မရှိ၊ ရောင်းချရာတွင် သတ်မှတ်စျေးနှုန်း၊ အလေးချိန်၊ သတ်မှတ်ပမာဏမှန်ကန်မှုရှိ/မရှိတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)