ဘိုကလေး ဖေဖော်ဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုတင်(၅၀) ဆေးရုံဟောင်းတွင် ယနေ့နံနက် (၉) နာရီက အသက်(၂)နှစ်မှ (၁၅)နှစ်အတွင်း ကလေးများအား အသည်းရောင် အသားဝါအေပိုး ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခဲ့သည်။
ဆေးထိုးနှံပေးရာတွင် ဘိုကလေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဘိုကလေးမြို့နယ် ကုတင် (၁၀၀) ဆေးရုံအုပ် ဒေါက်တာရဲဝင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံဆောင်ရွက် ပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံမှု အခြေအနေများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ အဆင်ပြေချောမွေ့ရေးအတွက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့က ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)