နောင်ချိုမြို့နယ်၊ တောင်ရှည်တိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်ပြီး ဒေသခံ တိုင်းရင်းသား ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ

နောင်ချို ဖေဖော်ဝါရီ ၁၆

ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုသရေးဦးစီးဌာန၊ ကျောက်မဲခရိုင် ီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီနှင့် နှီးနွယ်ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် စေတနာရှင်များ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ဇွန်လကုန်မှစ၍ လုပ်ငန်း(ယာယီရပ်ဆိုင်းထားသော နောင်ချိုမြို့နယ်၊ တောင်ရှည်တိုက်နယ်ဆေးရုံကို ပြန်လည်ပြုပြင်ပြီး ၂၀၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်နံနက်ပိုင်းမှစ၍ ပြန်လည်ဖွင့်လှစ်ကာ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ တောင်ရှည်တိုက်နယ်ဆေးရုံအား တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်၍ အမွေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကာ တောင်ရှည်တိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်ပွဲ အခမ်းအနား အမှတ် (၉၀၂) တောင်ခမ်းတပ်နယ် အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် တပ်မမှူး ဗိုလ်မှူးကြီး မြင့်နိုင်ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းညွန့်ဦးနှင့် ကျောက်မဲခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းတို့မှ အဖွင့်အမှာစကား ပြောကြားပြီး  အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ စစ်ဖက်နယ်ဖက်မှ အရာရှိကြီးများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသခံတိုင်းရင်းသားပြည်သူ စုစုပေါင်း (၃၀၀) ခန့်တက် ရောက်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုသရေးဦးစီးဌာနအနေဖြင့် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံကို ၂၀၂၅ ခုနှစ် ဩဂုတ်လ () ရက်နေ့တွင်လည်းကောင်း၊ နောင်ချိုမြို့နယ် သုံးဆယ်တိုက်နယ်ဆေးရုံကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်နေ့တွင်လည်းကောင်း ပြန်လည်ဖွင့်လှစ်ပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့် ရှောက်မှုများပေးလျက်ရှိပြီး ယခုအခါ တောင်ရှည်တိုက်နယ်ဆေးရုံ ပြန်လည်ဖွင့်လှစ်နိုင်သည့် အတွက် တောင်ရှည်၊ မဲပုတ်၊ ရေတွင်းကြီး၊ ရွှေမုဋ္ဌော၊ နောင်တော၊ အင်းဖို ကျေးရွာ အုပ်စုများမှ ဒေသခံတိုင်းရင်းသားပြည်သူ (၃၀,၀၀၀) ကျော်ကို ကျန်းမာရေးစောင့်ရှောက် မှုများ လွှမ်းခြုံဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံမှု တိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ၂၀၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျေးလက် ကျန်းမာရေးဌာနနှင့်ဌာနခွဲ (၃၅)ခု ပြန်လည်ဖွင့်လှစ်ထားရှိပြီး  ပဏာမကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်လျက်ရှိပါသည်။

နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေး ဝန်ထမ်းများသည် နောင်ချိုမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊  ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊ ကိုယ်ဝန်ဆောင်စောင့်မိခင်နှင့် ကလေးရှောက်ရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းနှင့် ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းအား ပြန်လည်အားဖြည့်ဆောင်ရွက်ရန်အတွက် အမီလိုက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း၊ အသက် (၁၅) နှစ် အောက်ကလေးများအား အထူးအစီအစဉ် (Special Immunization Activities)ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခြင်း စသည်ဖြင့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းများကို ကလေးတိုင်းဆီသို့ ရောက်ရှိအောင် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိ ပါသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံ ကျန်းမာရေးဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့မှ ၂၀၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ အသက် (၁၅) နှစ်အောက် စုစုပေါင်း (၃၄,၂၇၀) ဦးအား လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သတင်းရသည်။

မြို့နယ် (ပြန်/ဆက်)