ဘုတ်ပြင်း ဖေဖော်ဝါရီ ၂၀
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ငွေကြေးခဝါချမှုအကြမ်းဖက်ကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးမြှင့်တင်ရေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး သပြေခန်းမတွင်ကျင်းပသည်။
သင်တန်းဖွင့်ပွဲ၌ ခရိုင်အိမ်ခြံမြေအကျိုးဆောင်များနှင့်အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်က ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ ၂၀၂၄-၂၀၂၈ ပါ လုပ်ငန်းစဉ်များကိုအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၂၆ ခုနှစ်အတွင်း AML/CFT ဆိုင်ရာ အသိပညာမြှင့်တင်ရေးသင်တန်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်သူများမှ အဖိုးတန်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်၊ အရောင်းအဝယ်ဆိုင်ရာ ငွေကြေးလွှဲပြောင်းဆောင်ရွက်မှုများ၊ ပြုလုပ်ရာတွင် ထုတ်ပြန်ထားသည့် ငွေပေးချေခြင်းဆိုင်ရာ နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်သွားကြရန်နှင့် သင်တန်းပို့ချရာတွင်ပါရှိသည့် ဆောင်ရန်/ရှောင်ရန် အချက်များအပေါ် အလေးထားလိုက်နာဆောင်ရွက်သွား ကြရန်ပြောကြားသည်။
ဆက်လက်၍ သင်တန်းနည်းပြများက အဖိုးတန်သတ္တုရောင်းဝယ်သူများဆိုင်ရာညွှန်ကြားချက် အမှတ်(၂/၂၀၂၂) ငွေကြေးခဝါချမှုဆိုင်ရာများ၊ ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာများ၊ ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေများကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ မြို့နယ်အတွင်း ရွှေဆိုင်ပိုင်ရှင်များ၊ ဘဏ်လုပ်ငန်းများမှ တာဝန်ရှိသူများ၊ kpay/wave pay ဆိုင်ပိုင်ရှင်များ သင်တန်းသားသင်တန်းသူ(၁၃)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)