ကိုကိုးကျွန်းမြို့နယ်တွင် Young Club စာဖတ်ဝိုင်း ပြုလုပ်

ကိုကိုးကျွန်း ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နေ့ နံနက် (၁၀) နာရီအချိန်၌ Young Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးထွန်းထွန်းဇော်မှ ယခုလို Club အသင်းအဖွဲ့များနှင့် အပတ်စဉ်စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် စာရေးဆရာ ရှိန်တင်ဦးရေးသားသော လူငယ်နှင့် ယဉ်ကျေးမှုတန်ဖိုးစာအုပ်ဖြင့် စာဖတ်ဝိုင်းကိုစတင်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ လူငယ်နှင့် အားမာန်ခေါင်းစဉ် အလုပ်လက်မဲ့နှင့် လူငယ်များခေါင်းစဉ်ဖြင့် စတင်ဦးဆောင်ဖတ်ရှုဆွေးနွေးခဲ့ပြီး တက်ရောက်လာသော YoungClub အသင်းဝင်အဖွဲ့မှ မောင်မင်းမင်းမှ မှားတာဝန်ကို ဝန်ခံရဲပါစေခေါင်းစဉ်ဖြင့်လည်းကောင်း မောင်စိုးစိုးကလေးအတွေးခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ရှုဆွေးနွေးခဲ့ကြပြီး ကျန်အဖွဲ့ဝင်များမှ အဆိုပါစာအုပ်ပါအခြားခေါင်းစဉ်များကို အပြန်အလှန်ဖတ်ရှုဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ ပြန်လည်သုံးသပ်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော် (ပြန်/ဆက်)