မဟာအောင်မြေ ဖေဖော်ဝါရီ ၂၀
မန္တလေးတက္ကသိုလ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ပီတန်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ပီတန်းပြိုင်ပွဲ ဗိုလ်လုပွဲကို ဖေဖော်ဝါရီ ၁၈ ရက်နေ့စတင်ကျင်းပခဲ့ရာ ပြိုင်ပွဲကို အမျိုးသား အမျိုးသမီး စုစုပေါင်း ၃၄ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ပီတန်းပြိုင်ပွဲတွင် ဆုရရှိသူများအား မန္တလေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များက ဆုများကိုအသီးသီးချီးမြှင့်ခဲ့ပြီး မန္တလေးတက္ကသိုလ်မှ ပီတန်းအားကစားဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြသည်။
အောင်ဇော်မင်း