မြဝတီ ဖေဖော်ဝါရီ ၂၀
ကရင်ပြည်နယ် မြဝတီခရိုင် မြဝတီမြို့နယ်အတွင်းရှိရေနုတ်မြောင်းများအား ရေစီးရေလာ ကောင်းမွန်စေရန် ယမန့်နေ့ညနေ ၄နာရီက အမှတ် (၃)ရပ်ကွက်ရှိ ဘုရင့်နောင်လမ်း၊ အနော်ရထားလမ်း၊အမှတ်(၄)ရပ်ကွက်ရှိ ပြည်ခိုင်ဖြိုးလမ်းများတစ်လျှောက် ရေနုတ်မြောင်း များကို ယာဉ်ယန္တယားဖြင့် တူးဖော်၍အမှိုက်သရိုက်များနှင့် စွန့်ပစ်ပစ္စည်းများအား ဆယ်ယူပြီး ရေဆိုး ရေညစ်များ မြောင်းမကြီးထဲသို့ စီးဆင်းစေရန် ဆောင်ရွက်ခဲ့ကြပြီး အမှတ်(၃)ရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပတ်လည်ရေနုတ်မြောင်းများ ဆယ်ယူတူး ဖော်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာ၌ မိုးရာသီကာလ ရေကြီးရေလျှံစဥ်က နွံ၊ နုန်း၊ သဲ၊ အမှိုက်များရေနုတ် မြောင်းတွင် ပိတ်ဆို့နေသည့် ရေနုတ်မြောင်းများကို မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများက စက်ယန္တယားဖြင့် ဖော်ဆောင်ခြင်းလုပ်ငန်းအားဆောင်ရွက်ခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း ဦးဆောင်ကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူးဦးကျော်ကျော်ဦးနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြသည်။
မြဝတီမြို့တွင် မိုးရာသီ ကာလမရောက်မီ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများ ဆယ်ယူတူးဖော်ခြင်းလုပ်ငန်းကို ရပ်ကွက်အလိုက် ဆက်လက်ဆောင်ရွက်မည်ဖြစ် ကြောင်းသိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)