အမြို့မြို့အနယ်နယ်သတင်းများ

Feb 20,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် သမဝါယမဦးစီးဌာန၊ သမဝါယမအသင်းစု (လီမိတက်)၏ အစည်းအဝေးခန်းမ၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ကျင်းပသည်။
Feb 20,2026
‎စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် အ.ထ.က (၁)နှင့် အ.ထ.က(၂)တို့တွင် စာ​မေးပွဲမကျင်းပမီနှင့် ကျင်းပနေစဥ်ကာလအတွင်း မီးလောင်၊ မီးလန့်မှုမရှိစေရေးနှင့် မီးဘေးလုံခြုံမှူရှိစေရေးအတွက် ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နံနက် (၁၀) နာရီချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Feb 20,2026
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင်မီးလောင်မှုများ လျော့နည်းကျဆင်းစေရေးနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားပါက အချိန်နှင့်တပြေးညီဆက်သွယ်နိုင်ရေး ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် ဖြန့်ဝေသည်။
Feb 20,2026
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ လူငယ်လူရွယ်များ အသက်မွေးဝမ်းကျောင်း အတတ်ပညာတတ်မြောက်စေရေး၊ မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းမှအထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ နွေရာသီဖိနပ်ချုပ်နည်းသင်တန်း အခမဲ့ဖွင့်လှစ်ခြင်းကို ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၉ နာရီက မြို့နယ်ရုံးလူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပသည်။
Feb 20,2026
သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပမည့် စာစစ်ဌာနများအား ယမန်နေ့မွန်းလွဲပိုင်းတွင် မီးလောင်မှုမီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Feb 20,2026
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း အောင်ဆန်းခန်းမ၌ စက်ခေါင်းမောင်းလက်ထောက်-၂ သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၈ နာရီခွဲက ကျင်းပသည်။
Feb 20,2026
တက္ကသိုလ်၊ ကောလိပ် ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၂၈)၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၈ နာရီတွင် ရတနာသိင်္ဃခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦးနှင့် အမြဲတမ်းအတွင်းဝန် ဦးမြင့်ဆွေ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ် သင်ကြား/စီမံဌာနများမှ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Feb 20,2026
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ယမန်နေ့က အမှတ်(၃)ရပ်ကွက်ရှိ လူမှု့ဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။