ဒိုက်ဦး ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချို၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ညနေပိုင်းက ဒိုက်ဦးမြို့နယ်၊ လေးအိမ်စုကျေးရွာနေ တောင်သူဦးမြင့်လွင်၏ အစေ့ထုတ်ပြောင်း(၂.၂၃) ဧက စမ်းသပ်စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးပြီး ရွှေအင်ဒုံကျေးရွာ တောင်သူ ဦးဝင်းမောင်၏ (၁၀)ဧကအတွင်း ပဲလွန်းစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဖအောင်ဝဲရပ်ကွက် လယ်ပိုင်ရှင် ဦးတင်ဦး၏ (၃)ဧကမြေပဲစိုက်ခင်းအား ကြည့်ရှုအားပေးပြီး နတ်ကင်းကျေးရွာ ဦးဇော်လွင် မွေးမြူထားရှိသည့် ဥစားဘဲအကောင်(၂၀၀၀) မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)