တာမွေမြို့နယ်ရှိ မီးဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်

တာမွေ ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် မတ္တာညွန့်ရပ်ကွက် စက်မှု (၄) လမ်းရှိ ယာယီတည်းခိုစခန်းဖွင့်လှစ်ထားသော သုဓမ္မကာရီဓမ္မာရုံတွင် တာမွေမြို့နယ်ရှိ မီးဘေးသင့် အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် အလှူငွေများထောက်ပံ့ပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က အဖွင့် အမှာစကားပြောကြားခဲ့ပြီး သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်နှင့် ရန်ကုန်အရှေ့ပိုင်းခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မီမီထွန်းတို့မှ မီးဘေးသင့်အိမ်ထောင်စု (၁၂) စုအတွက် ငွေကျပ် (၈၀၀၀၀၀) တန်ဖိုးရှိ အိမ်ဆောက်ပစ္စည်းများ၊ ငွေကျပ် (၂၃၀၀၀၀) တန်ဖိုးရှိ ဆန်ရိက္ခာများနှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးတို့အား မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ သင်္ဃန်းကျွန်းခရိုင် စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်က မီးဘေးသင့်အိမ်ထောင်စု (၁၂) စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်နှစ်သောင်းနှုန်းစီဖြင့် စုစုပေါင်းငွေကျပ် နှစ်သိန်းလေးသောင်းအား မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုကဲ့သို့ တာမွေမြို့နယ်ရှိ မီးဘေးသင့်အိမ်ထောင်စုများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့ပေးအပ်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် တာမွေမြို့နယ် စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးမျိုးညီညီ၊ မေတ္တာညွန့်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဦီးနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ပူးပေါင်းပါဝင် ကူညီ‌ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

နိုင်လင်းအောင် (ပြန်/ဆက်)