ဝါးခယ်မ ဖေဖော်ဝါရီ ၁၉
၂၀၂၆ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပမည့် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ဝါးခယ်မမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ (၂၂၅၁) ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်သည်။
ဝါးခယ်မမြို့နယ်အတွင်းရှိ အ.ထ.ကနှင့် အ.ထ.က (ခွဲ) ကျောင်း စုစုပေါင်း (၄၅) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၉၈၂) ဦးနှင့် ပြင်ပမှ ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၂၆၉) ဦး၊ စုစုပေါင်း (၂၂၅၁) ဦးအား အ.ထ.က (၁)၊ အ.ထ.က (၂) စာစစ်ဌာန အပါအဝင် စာစစ်ဌာန (၁၅) ခုဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)