နာဂဒေသ၊ ထန်ပါခွေမြို့၌ တစ်ပိုင်တစ်နိုင် "၀က်" မွေးမြူခြင်းဖြင့် ဒေသခံပြည်သူများ အဆင်ပြေ

ထန်ပါခွေ      ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ တစ်ပိုင် တစ်နိုင်"၀က်" မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်ခြင်းဖြင့် ဒေသခံပြည်သူများ စီးပွားဖြစ်ထွန်းကာ အကျိုးအမြတ် များစွာ ရရှိလျက်ရှိကြောင်းသိရသည်။

"မြန်မာဆိုရိုးစကားတွင် အသီးမှာ သရက်၊ အရွက်မှာ လက်ဖက်၊ အသားမှာ ၀က် ဟူ၍ ပြောဆိုတတ်ကြတဲ့အတိုင်း ဘာသာရေးနှင့် ကျန်းမာရေးအရ ရှောင်လွှဲသူများမှအပ လူအတော် များများ၀က်သားကို ကြိုက်နှစ်သက်ကြကြောင်း၊ ၀က်မျိုးတွေကတော့အများကြီးရှိပါကြောင်း၊ ထန်ပါခွေမြို့မှာတော့ တိုင်းရင်းဒေသ၀က် ကိုအများဆုံးမွေးမြူကြ‌ကြောင်း၊ ၀က်ဖြူကြီးမျိုး တွေကိုလည်း အနည်းငယ်မွေးမြူကြကြောင်း၊ ၀က်ခြံဆောက်လုပ်ပြီး စနစ်တကျ မွေးမြူကြ ကြောင်း၊ ဒေသပေါက်ဈေး ၀က်သားတစ်ပိဿာကို (ကျပ် ၃၀၀၀၀) ပေါက်ကြောင်း၊ တစ်နှစ် တစ်နှစ်ခွဲလောက်ဆို အချိန် (၂၀/ ၃၀) ကြားထွက်ရှိပါကြောင်း "ထန်ပါခွေမြို့နေ တစ်ပိုင် တစ်နိုင်"၀က်" မွေးမြူရေးလုပ်ကိုင်သူ ဦးပါရှီ ထံမှသိရသည်။

အလန် ( ထန်ပါခွေ )