မော်လိုက်မြို့၌ တန်ဖိုးမြင့်စားသောက်ကုန် Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

မော်လိုက် ဖေဖော်ဝါရီ ၁၉

 စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ တန်ဖိုးမြင့်စားသောက်ကုန် Snack အမျိုးမျိုးထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နံနက် (၁၁) နာရီ အချိန်က ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ၊ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလမင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များနှင့် သင်ကြားမည့်ဘာသာရပ်များအကြောင်း အကျယ်တဝင့် ရှင်းလင်း‌ပြောကြားသည်။ ထို့နောက် ခရိုင်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီအရာရှိက သင်တန်းသူတစ်ဦးအား ကုန်‌‌ကြမ်းပစ္စည်းများကိုပေးအပ်ခဲ့ကြပြီး တာဝန်ရှိသူများက သင်တန်းသား/ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

အဆိုသင်တန်းတွင် ရေခဲမုန့်၊ ကြက်သွန်ပေါင်းကြော်၊ ထောပတ်ပေါက်ပေါက်၊ ချောကလက် ပေါက်ပေါက်စသဖြင့် Snack အမျိုးအစား (၁၀) မျိုး ထုတ်လုပ်မှုနည်းပညာများကို သင်တန်းသား/ သင်တန်းသူ(၂၀)ဦးတို့ကို (၁၉-၂-၂၀၂၆) ရက်နေ့မှ (၂၅-၂-၂၀၂၆) ရက်နေ့အထိ စာတွေ့လက်တွ့ သင်ကြာပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုထက်(ပြန်/ဆက်)