မအူပင်ခရိုင် Community Centre ခန်းမ၌ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းဖွင့်ပွဲကျင်းပ

မအူပင်  ဖေဖော်ဝါရီ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် (၁၀) နာရီက အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲ ကျင်းပသည်။

ဦးစွာ မအူပင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးအာကာဦးမှ လူငယ်လူရွယ်များ နွေရာသီအားလပ်ရက်၌ အချိန်ကိုအကျိုးရှိစွာအသုံးချ တတ်စေရန်နှင့် အသိပညာ၊ အတတ်ပညာ ဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ သင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဆရာကြီး ဦးဘိုထွေး (ပညာရေးငြိမ်း)မှ သင်ကြားမည့် ဘာသာရပ်များနှင့် သင်တန်းအား ရက်ပျက်မရှိ စိတ်ပါဝင်စားစွာတက်ရောက်ကြစေရန် ရှင်းလင်းပြောကြားသည်။

အဆိုပါ အခြေခံအင်္ဂလိပ်စကားပြောသင်တန်းအား (၁၉-၂-၂၀၂၆) မှ (၂၅-၂-၂၀၂၆)ရ်နေ့ထိ သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး မအူပင်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနေဖြင့် သင်တန်းများ၊ အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်များ၊ ပြပွဲ၊ ပြိုင်ပွဲများအား စဉ်ဆက်မပျက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)