ရန်ကုန် ဖေဖော်ဝါရီ ၂၀
သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပမည့် စာစစ်ဌာနများအား ယမန်နေ့မွန်းလွဲပိုင်းတွင် မီးလောင်မှုမီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာတွင် သန်လျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာထွန်း၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဇော်မျိုးဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျပ်စစ်မန်နေဂျာရုံးမှ ကျွမ်းကျင်ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောအဖွဲ့သည် သန်လျင် အ.ထ.က (၁) နှင့် အ.ထ.က (၂) စာစစ်ဌာနများတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ၊ မီးသတ်ဆေးဘူးများထားရှိမှု၊ လျှပ်စစ်ဝါယာကြိုးများ စနစ်တကျသွယ်တန်းထားရှိမှု၊ မီးချိတ်၊ မီးကပ်၊ ရေ၊ သဲ ထားရှိမှုများအား ကြည့်ရှုစစ်ဆေးကြရာ သက်ဆိုင်ရာစာစစ်ဌာန ကျောင်းအုပ်ကြီးများက ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လိုက်လံရှင်းလင်းပြသခဲ့ကြသည်။
ထို့နောက် စာစစ်ဌာနများ မီးလန့်မှု၊ မီးလောင်မှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်နိုင်ရန် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)