ရွှေဘိုမြို့တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်ကျောင်းများအား မီးဘေးလုံခြုံရေးစစ်ဆေး

ရွှေဘို ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် အ.ထ.က (၁)နှင့် အ.ထ.က(၂)တို့တွင် စာ​မေးပွဲမကျင်းပမီနှင့် ကျင်းပနေစဥ်ကာလအတွင်း မီးလောင်၊ မီးလန့်မှုမရှိစေရေးနှင့် မီးဘေးလုံခြုံမှူရှိစေရေးအတွက် ဖေဖော်ဝါရီလ (၁၉) ရက်နေ့ နံနက် (၁၀) နာရီချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး ဦးအေးမြင့်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်တိုးတို့ ဦးဆောင်သော ခရိုင်၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များသည် ခရိုင်ပညာရေးမှူး၊ ဦးဝင်းနိုင်မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး  ကော်မတီဥက္ကဋ္ဌ ဦး‌ကျော်နိုင်တို့နှင့်ပူးပေါင်းကာ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် စာသင်ခန်းများအား စစ်ဆေးခြင်းလေပေါင်မရှိသော မီးသတ်ဆေးဘူးများ လေပေါင်ဖြည့်ရန် ချို့ယွင်းနေသော လျှပ်စစ်ခလုတ်များလဲလှယ်ရန်၊ ညအချိန်စာသင်ခန်းမများ၏ မိန်းခလုတ်များ ချထားရန် အကြံပြုခဲ့ပြီး အ.ထ.က(၂) အနီးပတ်ဝန်းကျင်ရှိ နေအိမ်များအား တစ်အိမ်တက်ဆင်း မီးသုံးစွဲမှုစစ်ဆေးအကြံပြု၍  မီးသတိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)