ဝမ်းတွင်း၊ ဖေဖော်ဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ယမန်နေ့က အမှတ်(၃)ရပ်ကွက်ရှိ လူမှု့ဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီး သတ်ဦးစီးမှူးဦးစိုးထွန်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မီးဘေးလုံခြုံရေးအတွက်မီးလောင်မှု/မီးလန့်မှုများမဖြစ်ပွားစေရေး မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မီးငြှိမ်းသတ်ရေးပစ္စည်းများ စစ်ဆေးခြင်းနှင့် 191 application အသုံးပြုပုံများ အားရှင်းလင်းပြသခြင်း၊ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၊ အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)