မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၌    စက်ခေါင်းမောင်းလက်ထောက်-၂ သင်တန်းဆင်း 

မိတ္ထီလာ ဖေဖော်ဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းအောင်ဆန်းခန်းမ၌ စက်ခေါင်းမောင်းလက်ထောက်-၂ သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၈ နာရီခွဲက ကျင်းပသည်။

အခမ်းအနားတွင် ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဦးတင်ကိုကိုက သင်တန်းဆင်းအမှာစကားပြောကြားပြီး ဒုတိယကျောင်းအုပ်ကြီးက သင်တန်းဆင်းလက်မှတ်များအား သင်တန်းသားသင်တန်းသူများအား ပေးအပ်သည်။ ၎င်းနောက် ကျောင်းအုပ်ကြီးက သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသားသင်တန်းသူများအား ဆုများချီးမြှင့်ခဲ့ပြီး သင်တန်းသားသင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

အဆိုပါ မိတ္ထီလာမြို့ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၌ ရထားသင်တန်းဌာနခွဲကဖွင့်လှစ်သည့် စက်ခေါင်းမောင်းလက်ထောက်-၂ သင်တန်း အမှတ်စဉ်(၃၅/၂၀၂၅)ကို သင်တန်းသားသင်တန်းသူ  ၅၆ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှ ရက်သတ္တပတ် ၁၂ ပတ်ကြာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)