ထားဝယ် ဖေဖော်ဝါရီ ၂၀
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင်မီးလောင်မှုများ လျော့နည်းကျဆင်းစေရေးနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားပါက အချိန်နှင့်တပြေးညီဆက်သွယ်နိုင်ရေး ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် ဖြန့်ဝေသည်။
ထို့နောက်တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဇော်လင်းထွန်းဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက ဈေးများ၊ လမ်းဆုံလမ်းခွများ၊ ခရီးသွားလာပြည်သူများနှင့်ရပ်ကွက်အတွင်းရှိ အများပြည်သူများအား မီးဘေးလုံခြုံရေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များတွင် မီးသတ်ဦးစီးဌာနသို့ အရေးပေါ် အကူအညီ တောင်းခံနိုင်သည့် Hot Line ဖုန်းနံပါတ် 191 ၊ စတေကာများ ကပ်နှိပ်ပေးသည်။
တနင်္သာရီတိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှဦးဆောင်၍ မြို့နယ်(၁ဝ)မြို့နယ်တွင် ဒုတိယအကြိမ်အဖြစ် လက်ကမ်း စာစောင်နှင့် 191 စတေကာ ၁ဝ၇၅၀၀ စောင် ဖြန့်ဝေပြီး ဧပြီလတွင် တတိယအကြိမ်အဖြစ် ဆက်လက်ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)