ကချင်ပြည်နယ်

ဗန်းမော်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းအပ်နှံခြင်းစတင် လက်ခံဆောင်ရွက်

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့၌ အခြေခံပညာကျောင်းအသီးသီးတွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို မေလ ၂၃ ရက် နံနက်(၉)နာရီက စတင်၍ လက်ခံဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရွှေကူမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသားကျောင်းသူများကျောင်းအပ်နှံခြင်းစတင် လက်ခံဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ် အခြေခံပညာကျောင်းများ၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို ယနေ့ နံနက် ၉ နာရီခန့်မှစတင်၍   ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း အသီးသီး၌ စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းပေါင်း (၂၀၈)ကျောင်းတွင် ကျောင်းအပ် လက်ခံခြင်းများ စတင်ဆောင်ရွက်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေလ (၂၃)ရက်မှစတင်၍ အခြေခံပညာစာသင်ကျောင်းပေါင်း (၂၀၈)ကျောင်းတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တနိုင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်များစိုက်ထူ

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရန် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်များ စိုက်ထူခြင်းကို ပုန်ခုန်းကောင်းရပ်ကွက်ရှိ အမှတ်-၁ အခြေခံပညာအထက်တန်း ကျောင်း၊ ဆင်ဆာ့ရပ်ကွက်ရှိ အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်းနှင့် ကင်ဆားရာရပ်ကွက်ရှိ  အလကခွဲ အခြေခံပညာအလယ်တန်းကျောင်းတို့တွင် မေလ ၂၃ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။

ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် မိုးညှင်းမြို့ပေါ်ရှိ အထင်ကရစေတီဘုရားများတွင် ဘုရားဖူးပြည်သူများနှင့် ညောင်ရေသွန်း‌လောင်းကြသူ အထူးစည်ကားလျက်ရှိ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မေ (၂၂) ရက် ညနေပိုင်းက ကဆုန်လပြည့် (ဗုဒ္ဓနေ့)သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်ပြီး ဖွား၊ ပွင့်၊ ဟောစံ၊ ဗျာဒိတ်ခံ ဆိုသည့်အတိုင်း သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့် ဆက်စပ်ပြီးထူးခြားမှုများနှင့်ပြည့်စုံသော နေ့ဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားရှင်ကို အာရုံပြုပြီး ဗောဓိညောင်ပင်တို့တွင် ညောင်ရေသွန်းလောင်းပွဲကို စည်ကားများပြားစွာ ကျင်းပခဲ့ကြောင်း သိရသည်။

ဟိုပင်မြို့ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုများ စတင်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို မေလ ၂၃ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးကောင်းမြို့၌ ကဆုန်လပြည့် (ဗုဒ္ဓနေ့) ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့)ညောင်ရေသွန်း လောင်းပူဇော်ခြင်းကို ရွှေသာလျောင်းမြတ်စွာဘုရားကြီးဝန်းရှိ မဟာဗောဓိညောင်ပင်၌ မေလ(၂၂) ရက် ညနေ(၄)နာရီတွင် ကျင်းပခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်း ထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်  

၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် ကျောင်းဖွင့်ချိန်တွင် အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းလှပလာစေရေး ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို စုပေါင်း‌ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မိုးကောင်းမြို့ Community Centre ခန်းမ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဟောပြောပွဲကို မေလ(၁၉)ရက် မွန်းလွဲ(၂)နာရီတွင် ကျင်းပခဲ့သည်။

မိုးကောင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သည့် ကျေးရွာကော်မတီများထံသို့ စီမံကိန်း (ဒုတိယနှစ်စက်ဝန်း) မတည်ထောက်ပံ့ငွေများပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကျေးရွာကော်မတီများထံသို့ စီမံကိန်း(ဒုတိယ နှစ်စက်ဝန်း) မတည်ငွေထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်