ဗန်းမော် မေ ၂၄
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့၌ အခြေခံပညာကျောင်းအသီးသီးတွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို မေလ ၂၃ ရက် နံနက်(၉)နာရီက စတင်၍ လက်ခံဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဗန်းမော်မြို့အတွင်းရှိ အခြေခံပညာကျောင်းများအသီးသီးတွင် ၂၀၂၃-၂၀၂၄ ပညာသင် ယူခဲ့ကြသည့် ကျောင်းသားကျောင်းသူ စုစုပေါင်း(၆၈,၆၆၁)ဦးရှိခဲ့ပြီး ယခုနှစ်တွင် ကျောင်းထွက်သူ မရှိစေရေးနှင့် မူလတန်းအဆင့်မှ အထက်တန်းအဆင့်ထိ ပြီးမြောက်အောင် ပညာသင်ကြားနိုင်ရေး စီမံဆောင်ရွက်ထားနိုင်ကြောင်းနှင့် ကျောင်းသားကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်ရာတွင် ကျောင်းသား ကျောင်းသူ၊ မိဘနှင့် အုပ်ထိန်းသူများလိုက်ပါ၍ (KG မှ Grade- 12 အတန်းအထိ) ကျောင်းအပ်လက်ခံခြင်းကို ကျောင်းအုပ် ဆရာ/မကြီးများနှင့် ဆရာ/ဆရာမ များကလက်ခံဆောင်ရွက်ပေးလျက်ရှိပြီး မေလ ၂၃ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ လက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ထိုသို့ ကျောင်းအပ်နှံခြင်းဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများနှင့် အုပ်ထိန်း သူများလိုက်ပါ၍ (KG မှ Grade- 12 အတန်းအထိ) ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူများအား တစ်ဦးလျှင် နိုင်ငံတော်က ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်၊ ခဲတံနှင့် ဘောပင် အခမဲ့ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းကို မြို့နယ်ပညာရေးမှူးရုံးမှ သိရပါသည်။
ခရိုင်(ပြန်ဆက်)