မိုးကောင်းမြို့ Community Centre ခန်းမ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ

မိုးကောင်း မေ ၂၂      

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ဟောပြောပွဲကို မေလ(၁၉)ရက် မွန်းလွဲ(၂)နာရီတွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဖြိုးဖြိုးကြိုင်က ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံ၊ ပလတ်စတစ်ညစ်ညမ်းမှုအန္တရာယ်နှင့် မိမိတို့၏ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး စုပေါင်းကာကွယ်ထိန်းသိမ်းရန်လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အထက်ဆင့်၊ အလယ်ဆင့် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့သည်။

အဆိုပါဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၃၅)ဦးတက်ရောက်ပြီး ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် အပူဒဏ်၊ မုန်တိုင်း၊ လျှပ်စစ်အန္တရာယ်ကာကွယ်ရေးစသည့် အသိပညာပေးနံရံကပ်စာစောင်များကိုလည်း စိတ်ဝင်တစားကြည့်ရှုအားပေးကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)