မိုးကောင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သည့် ကျေးရွာကော်မတီများထံသို့ စီမံကိန်း (ဒုတိယနှစ်စက်ဝန်း) မတည်ထောက်ပံ့ငွေများပေးအပ်

မိုးကောင်း မေ ၂၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကျေးရွာကော်မတီများထံသို့ စီမံကိန်း(ဒုတိယ နှစ်စက်ဝန်း) မတည်ငွေထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီက ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးကော်မတီဥက္ကဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကျွန်းတောရပ်ကွက်ရှိ မြို့နယ်သမအသင်းစု (ဆီစက်လုပ်ငန်း) ထံသို့ ငွေကျပ်သိန်း (၅၀၀) နှင့် မြတောင်ကျေးရွာအုပ်စုရှိ နန့်လှိုင်ကျေးရွာ (ရတနာလှိုင်အထွေထွေစိုက်ပျိုးရေးလုပ်ငန်း) ထံသို့ ကျပ်သိန်း (၃၀၀) စုစုပေါင်း ကျပ်သိန်း (၈၀၀) ကို ကျေးရွာကော်မတီများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)