ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့နယ်အတွင်း ယာယီတိမ်းရှောင်လာသည့် အိမ်ထောင်စုများအား တွေ့ဆုံအားပေး ထောက်ပံ့
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း နယ်မြေမတည်ငြိမ်မှုဖြစ်စဉ်များကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ခေတ္တတိမ်းရှောင်လာသည့်အိမ်ထောင်စုများအား ယမန်နေ့နံနက် ၁၀ နာရီခွဲက မြစ်ကြီးနားမြို့နယ်စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့်ပြည်နယ်အစိုးရအဖွဲ့တို့က အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်သည်။