တနိုင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်များစိုက်ထူ

တနိုင်း  မေ ၂၄

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရန် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်များ စိုက်ထူခြင်းကို ပုန်ခုန်းကောင်းရပ်ကွက်ရှိ အမှတ်-၁ အခြေခံပညာအထက်တန်း ကျောင်း၊ ဆင်ဆာ့ရပ်ကွက်ရှိ အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်းနှင့် ကင်ဆားရာရပ်ကွက်ရှိ  အလကခွဲ အခြေခံပညာအလယ်တန်းကျောင်းတို့တွင် မေလ ၂၃ ရက် နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆိုင်းဘုတ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဟူသောစာသားပါရှိပြီး ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဆိုင်းဘုတ်စိုက်ထူပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးဇော်လင်းနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

နေလင်းထူး(ပြန်/ဆက်)