ရခိုင်ပြည်နယ်

ပေါက်တောမြို့၌ ဆရာတော် သံဃာတော်များ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့ နံနက် ၈ နာရီအချိန်က ပြုလုပ်ကြသည်။

ပေါက်တောမြို့နယ်၌ ကျောင်းအခြေပြု အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်း ကျောင်းသား/သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး အကြိမ်ပြည့်  ထိုးနှံပြီးစီးမှုကာလ (၅)လပြည့်ပြီးသောအသက် (၅) နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသူ၊ ကျောင်းသားများအား (Myancopharm) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Booster dose) ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပေါက်တော မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိ​ကြောင်းသိရသည်။

စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း ဂါထာတော်နှင့်  ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

နေပြည်တော်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင် ပင့်ဆောင်ပူဇော်ချိန်တွင် စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်း အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း ဂါထာတော်(မြန်မာပြန်)များနှင့် ဓဇဂ္ဂသုတ်ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို  ယနေ့နံနက် ၈ နာရီအချိန်ကပြုလုပ်ခဲ့သည်။

မြောက်ဦးမြို့၌ အတွင်းအောင် ၊ အပြင်အောင် အောင်ခြင်း (၈) ပါး အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ် ပူဇော်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ အတွင်းအောင် ၊ အပြင်အောင် အောင်ခြင်း (၈) ပါး အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို ရှစ်သောင်းပုထိုးတော်ကြီး အတွင်း၌ ယနေ့ နံနက် ၈ နာရီအချိန်က ရွတ်ဖတ်ပူဇော်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲကျင်းပ     

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် ကျောင်းသားလူငယ်များ ဘက်စုံထူးချွန်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေ(၃)နာရီက ပုဏ္ဏားကျွန်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံ(ကလေးကစားကွင်း)တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ကို စာဖတ်ပရိသတ်များထံ ပုံမှန်ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်၊ စာငှားသူများအဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှုမြင့်မားရေးအတွက် ယမန်နေ့ညနေပိုင်းက ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ကို စာဖတ်ပရိသတ်များအား ပုံမှန်ငှားရမ်းပေးကြသည်။

တောင်ကုတ်မြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

ကျောင်းသား၊ ကျောင်းသူ လူငယ်များ ဗလငါးတန်းဖွံ့ဖြိုးရေးနှင့် နောင်အနာဂတ်တွင် တိုင်းပြည်၏ သားကောင်းရတနာများ ဖြစ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ယနေ့နေ့လယ်(၁၂)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း၊ သိမ်တောင်သို့ သွားရောက်၍ နံရံကပ်စာ‌စောင်ပြပွဲနှင့် အသိပညာပေး ဟောပြောပွဲကို ဆောင်ရွက်ခဲ့သည်။

စစ်တွေမြို့၊ လက်ဝဲသလုံးတော်ဓာတ်စေတီတော်မြတ်၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

စစ်တွေမြို့၊ လက်ဝဲသလုံးတော်ဓာတ်စေတီတော်မြတ်ကြီး ပုရဝုဏ်အတွင်းအပြင် သန့်ရှင်းသာယာလှပရေးအတွက်  ယနေ့နေ့လယ် ၂ နာရီက နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြသည်။

ပေါက်တောမြို့နယ် သစ်ပုတ်ကျေးရွာ၌ မြေသားရေကန်တူးဖော်ခြင်း​ ခြံစည်းရိုးကာရံ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် သစ်ပုတ်ကျေးရွာ၌ ရေဖူလုံစွာ ရရှိရန် ရည်ရွယ်၍ မြေသားရေကန်တူးဖော်ခြင်း၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဦးစီးမှူး ဦးသန်းထွန်း၊ တာဝန်ခံအင်ဂျင်နီယာ၊ ကျေးရွာကော်မတီဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးကြသည်။
Subscribe to ရခိုင်ပြည်နယ်