အမ်းမြို့နယ်တွင် ဆရာတော် သံဃာတော်များနှင့် ဓမ္မပါလဝတ်အသင်းသူများက ပရိတ်တရားတော်မြတ်အား ရွတ်ပွားပူဇော်
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင် ပူဇော်ချိန်ယနေ့နံနက် ၈ နာရီ ၁၀ မိနစ်အချိန်တွင် ရခိုင်ပြည်နယ် အမ်းခရိုင် အမ်းမြို့နယ်အမှတ် (၃)ရပ်ကွက် မြတ်စွယ်တော်ဓမ္မာရုံ လေယာဉ်ကွင်းရပ်ကွက် မြို့ဦးကျောင်းဓမ္မာရုံ၊ တပ်တောင်မြို့ အမှတ် (၁)ရပ်ကွက်၊ သာသနာ့ဝေပုလ္လာရာမဘုန်းတော်ကြီးကျောင်းတိုက်နှင့် အမ်းမြို့နယ်ကျေးရွာ အုပ်စုများတွင်ဆရာတော်၊ သံဃာတော်များနှင့်ဓမ္မပါလဝတ်အသင်းသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများက အောင်ခြင်းရှစ်ပါးပါဠိနှင့် ဓဇဂ္ဂသုတ်ပရိတ်တော်မြတ်အား ရွတ်ပွားပူဇော်ခဲ့ကြကြောင်း သိရသည်။