ရသေ့တောင်မြို့၌ ဆရာတော်သံဃာတော်များနှင့်ဝတ်ရွတ်အသင်းအဖွဲ့များမှအန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ရသေ့တောင်  ဇန်နဝါရီ  ၂၆                                                   

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို စေတီတောင်ဓမ္မရုံ၌ ယနေ့ နံနက် ၈ နာရီ ၁၀ မိနစ်က ပြုလုပ်ကြသည်။

ရှေးဦးစွာ အခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့်အဖွဲ့ဝင်များ၊ တက်ရောက်လာကြသူများက နမောတ ဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။ ထို့နောက် စေတီယဂ်ဏကျောင်းဆရာတော် ဦးပညာသာမိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ဖတ်ပူဇော်အပ်သော ဓဇဂ္ဂသုတ်ပရိတ်ပါဠိ‌တော်များနှင့် အပြင်အောင်ခြင်းရှစ်ပါး၊ အတွင်းအောင်ခြင်းရှစ်ပါးကို နာယူကြပြီးဝတ်ရွတ်အသင်းက လည်း အပြင်အောင်ခြင်းရှစ်ပါးမြန်မာပြန်နှင့် ဓဇဂ္ဂသုတ်ပရိတ်ပါဠိ‌တော်များ ရွတ်ဖတ်ပူဇော်ကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့်အဖွဲ့ဝင်များကလှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီးအခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်းရွတ်ဆို၍ အခမ်းအအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)