ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံ(ကလေးကစားကွင်း)တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ကို စာဖတ်ပရိသတ်များထံ ပုံမှန်ငှားရမ်းပေး

ပေါက်တော ဇန်နဝါရီ ၂၆

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်၊ စာငှားသူများအဆင်ပြေစေရေးနှင့် စာပေဖတ်ရှုမှုမြင့်မားရေးအတွက် ယမန်နေ့ညနေပိုင်းက ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ကို စာဖတ်ပရိသတ်များအား ပုံမှန်ငှားရမ်းပေးကြသည်။

အဆိုပါ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းခြင်းကြောင့် စာပေဖတ်ရှုသူများအတွက် အချိန်ကုန်သက်သာခြင်း၊ မိမိဖတ်ရှုလိုသည့် စာအုပ်များကို အလွယ်တကူဖတ်ရှုနိုင်ခြင်း၊ စာပေချစ်မြတ်နိုးသူများအတွက် အဆင်ပြေလျက်ရှိကြသည်။

ထို့ပြင် စာပေဖတ်ရှုမှုမြှင့်မားလာစေရေးနှင့် စာအုပ်စာပေမှ ဗဟုသုတရရှိစေရန်အတွက် ပေါက်တောမြို့အတွင်းရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်များသို့ သုတ၊ ရသ စာအုပ်စာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ ငှားရမ်းပေးလျက်ရှိကြသည်။

ဝင်းမင်းစိုး