ပေါက်တော ဇန်နဝါရီ ၂၆
ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့၌ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့ နံနက် ၈ နာရီအချိန်က ပြုလုပ်ကြသည်။
ရှေးဦးစွာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပေါက်တောမြို့ရှိ ဘဝမ်းကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ဖတ်ပူဇော်အပ်သော ဓဇဂ်သုတ်ပရိတ်တရားတော်များနှင့်အပြင် အောင်ခြင်းရှစ်ပါး၊ အတွင်းအောင်ခြင်းရှစ်ပါးကို နာယူကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များက လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်းရွတ်ဆို၍ အခမ်းအအနားကို အောင်မြင်စွာရုပ်သိမ်း လိုက်ကြသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)