ရခိုင်ပြည်နယ်

ဂွမြို့တွင် ကျောင်းအခြေပြု အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ( Booster Dose) ဆက်လက် ထိုးနှံ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Booster dose) (Myancopharm) ထိုးနှံပေးခြင်းကို  အခြေခံပညာကျောင်းများရှိ စုရပ်များတွင် ထိုးနှံပေးလျက်ရှိ

ကျိန္တလီမြို့၌ လူငယ်ရေးရာ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား/သူများ အသိပညာ၊ အတတ်ပညာနှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည်စုံပြီး လူငယ်အချင်းချင်း အသိပညာ၊ အတတ်ပညာများဖလှယ်နိုင်စေရန်နှင့် လူကုန်ကူးမှု အန္တရာယ်မှကင်းဝေးစေရန်၊ ရည်ရွယ်၍ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲတို့ကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အမှတ်(၅)မူလွန်ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စစ်တွေမြို့၌ စာသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

စစ်တွေခရိုင်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့ နေ့လယ်ပိုင်းက ပြုလုပ်သည်။

ဂွမြို့တွင် ကျောင်းသား၊ကျောင်းသူများ ဉာဏ်ပညာတိုးတက်မြင့်မားစေရန် ပြိုင်ပွဲများ ဆောင်ရွက်ပေး

ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ကျောင်းသား၊ကျောင်းသူများ ဉာဏ်ပညာတိုးတက်မြင့်မားစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ငပလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက် Mobile Libraryဖြင့် စာအုပ်၊စာစောင်များ အခမဲ့ငှားရပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ ၁နာရီအချိန်က ငပလီမြို့ စည်ပင်ရုံးနှင့် စိုက်ပျိုးရေးရုံးဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။

ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

  ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီတွင်  မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ကျောက်တော်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အရုပ်ဆက်ပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အရုပ်ဆက်ပြိုင်ပွဲကို ယနေ့ နေ့လယ်(၁) နာရီအချိန်က အဆိုပါခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဘူးသီးတောင်မြို့၌ စာဖတ်ရှိန်မြှင့်တင်စေရေး Youth Club လူငယ်များနှင့် စာဖတ်ဝိုင်း ကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ “စာကောင်းပေကောင်း၏ အရသာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး မြို့နယ်တိုင်းရင်းဆေးကုဌာန ဝန်ထမ်းများအား စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက ယနေ့ နေ့လယ် ၁၂ နာရီတွင် ရွေ့လျားစာကြည့်တိုက် Mobile Library ဖြင့် မြို့နယ်တိုင်းရင်းဆေးကုဌာနသို့ သွားရောက်၍ စာအုပ်၊ စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်