ရခိုင်ပြည်နယ်

စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်)သို့ Noble ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများ လေ့လာရေးခရီးလာရောက်လေ့လာ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်)သို့ Noble ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းသို့ လေ့လာရေးခရီး လာရောက်ခဲ့ကြောင်း သိရသည်။

ရမ်းဗြဲမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ရမ်းဗြဲမြို့၊ ရမ္မာဝတီ မြို့မအားကစားကွင်း၌ ကျင်းပကြသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပြိုင်ပွဲဝင် ဘောလုံးအသင်းများ၏ နည်းပြအုပ်ချုပ်သူများ တက်ရောက်ခဲ့ကြသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား  အခြေခံစားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေများအား အခြေခံစားနပ်ရိက္ခာများ ဝယ်ယူ၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန် အဆိုပါရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့  မြို့နယ်အဆင့် ပညာရေး စုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌  မြို့နယ်အဆင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန် သီရိမင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်သည်။

ကျောက်တော်မြို့၌ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် စာ​ပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် ၁၁ နာရီက စာရေးဆရာ လူထုစိန်ဝင်းရေးသားတဲ့ လူကြီးလူငယ် ကွာဟမှု စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

မအီမြို့ အ.လ.က(ခွဲ) ပြင်ဝန်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အာစရိယပူဇော်ပွဲ အခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ပြင်ဝန်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများ စုပေါင်း၍ အာစရိယ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မအီမြို့တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသား/ကျောင်းသူ ၂၁၈၅ ဦးတို့အား ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်း( Booster dose)ကာကွယ်ဆေး ထိုးနှံပြီးစီး

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ ကျေးလက်ကျန်းမာရေးဌာနအနေဖြင့် အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေး၊ ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံစေရေးတို့အတွက် အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူ၊ ကျောင်းသားများအား ကိုဗစ်- ၁၉ ရောဂါ  ထပ်ဆောင်း(Booster dose) ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့က သဒွန်ကျေးရွာအုပ်စုတွင် ထိုးနှံပြီးသည်အထိ ကျောင်းသားကျောင်းသူ ၂၁၈၅ ဦးကို ထိုးနှံပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

ရသေ့တောင်မြို့၌ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူသားအားလုံး ဆေးသုံးမျိုးပေါင်း တိုက်ကျွေးခြင်း မြို့နယ်အဆင့် အသိပေး ရှင်းလင်းပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး လူအားလုံး သန်ချဆေးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း  အသိပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ရသေ့တောင်မြို့ရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ကျောက်ဖြူမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်များ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အတွေးအမြင်ကောင်းများ ရရှိ‌ရေးအတွက် ရည်ရွယ်၍ “လူငယ်စကားဝိုင်း” ကို ဇန်နဝါရီလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီက အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

ကျိန္တလီမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

ကျိန္တလီမြို့၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “လူငယ်နဲ့အခွင့်အလမ်း” စာအုပ်ဖြင့် ယမန်နေ့ နံနက် ၈ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်