ရခိုင်ပြည်နယ်

မအီမြို့၌ ဒေသခံပြည်သူများအား တပ်မတော်နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ကွင်းဆင်းကုသ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းမြို့ အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၃၀၀)မှ နယ်လှည့်ဆေးကုသရေးအဖွဲ့က မအီမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား အခမဲ့ဆေးဝါးကုသပေးခြင်းများကို ယနေ့နံနက်ပိုင်းက မအီမြို့၊ ရတနာမာရ်အောင်တောရဓမ္မရိပ်သာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းကျင်းပ

လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး​ပေါင်းကျင်းပ​သော လူငယ်စကားဝိုင်းကို ယ​နေ့ ညနေ၃ နာရီက အထက ပေါက်တောမြို့ရှိ  စုပေါင်းခန်းမ၌ကျင်းပသည်။

မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မြို့ပေါ်ရပ်ကွက်များဖြစ်သော အလယ်ဈေးရပ်ကွက်နှင့် ညောင်ပင်ဈေးရပ်ကွက်အတွင်းရှိ နေအိမ်များသို့သွားရောက်ပြီး တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးရှိစေရေး အသိပညာပေးဆောင်ရွက်ခြင်းအား မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဝင်း မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရပ်ကွက်များသို့ရောက်၍ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စသော ဌာနဆိုင်ရာများပူးပေါင်း၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က အ.ထ.က(၁)ကျောင်းဦးချောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်တွေမြို့၌ လူငယ်စကားဝိုင်းကျင်းပ

စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(စစ်တွေ) တို့ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(စစ်တွေ) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပေါက်တောမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟာလာဆန်စက်များသို့ ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဟာလာဆန်စက်များသို့ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ရသေ့တောင်မြို့၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေးအသိပေး (Talk Show) ကျင်းပ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ ရသေ့တောင်မြို့၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေး အသိပညာပေး (Talk Show) ကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင်ရေးအတွက် Ami မီတာများ စစ်ဆေးလဲလှယ်တပ်ဆင်ခြင်း၊ 11 KV,0.4 KV ဓာတ်အားလှိုင်းများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်းရှင်းလင်းခြင်း၊ 11/0.4 KV ထရန်စဖော်မာများကို ဝန်ဆောင်အားမျှခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်လျှပ်စစ်မှူး ဦးမိုးကျော်သူနှင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကျောက်တော်မြို့၌ စာဖတ်ရှိန်မြှင့်တင်စေရေး Youth Club လူငယ်များနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး Youth Club အဖွဲ့နှင့် စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် ၁ နာရီအချိန်က အဆိုပါ ခန်းမအတွင်း ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်)သို့ Noble ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများ လေ့လာရေးခရီးလာရောက်လေ့လာ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်)သို့ Noble ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းသို့ လေ့လာရေးခရီး လာရောက်ခဲ့ကြောင်း သိရသည်။
Subscribe to ရခိုင်ပြည်နယ်