ရမ်းဗြဲ ဇန်နဝါရီ ၂၉
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ရမ်းဗြဲမြို့၊ ရမ္မာဝတီ မြို့မအားကစားကွင်း၌ ကျင်းပကြသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပြိုင်ပွဲဝင် ဘောလုံးအသင်းများ၏ နည်းပြအုပ်ချုပ်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းက အဖွင့်အမှာစကား ပြောကြားသည်။ ၎င်းနောက် ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်သန်းနှင့် အဖွဲ့ဝင်များက ပြိုင်ပွဲဝင်အားကစာသမားများအား တစ်သင်းချင်း နှုတ်ပြီး ရမ်းဗြဲမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း(ပုလုပ်တောင်)မှ ကျောင်းသား/ကျောင်းသူများမှ ထာဝရမြန်မာသီချင်းဖြင့် လည်းကောင်း RK Flower Dance အဖွဲ့မှလည်း အကအလှများဖြင့်လည်းကောင်း ကပြဖျော်ဖြေပေးကြသည်။
အဆိုပါ အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲတွင် ရမ်းဗြဲမြို့နယ်အတွင်းမှ ပြိုင်ပွဲဝင် ဘောလုံးအသင်း (၁၄)သင်း ပါဝင်ယှဉ်ပြိင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကို (၂၈-၁-၂၀၂၃) ရက်နေ့မှ (၁၂-၂-၂၀၂၃) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲအတွင်း အားကစားသမားများကိုလည်း ပွဲစဉ်အလိုက် အကောင်းဆုံး အားကစားသမားဆုကို ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်နိုင်(ပြန်/ဆက်)