မောင်တော ဇန်နဝါရီ ၂၉
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီးမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေများအား အခြေခံစားနပ်ရိက္ခာများ ဝယ်ယူ၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန် အဆိုပါရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ရောက်ရှိချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့သော ထောက်ပံ့ငွေများအား အခြေခံ စားနပ်ရိက္ခာများ ဝယ်ယူ၍ ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်း (၅၄)ဦးအတွက် တစ်ဦးလျှင် ဆီ ၊ ငါးသေတ္တာ ၊ ဆား ၊ အချိုမုန့် ၊ ခေါက်ဆွဲ ၊ ကြက်သွန်နီ၊ ကြက်ဥ စုစုပေါင်း အမျိုးအစား (၇)မျိုးအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဝန်ထမ်းများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြရာ ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားခဲ့ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်(ပြန်/ဆက်)